Skip to main content

Posts

Featured

မနှောင်းသော နောင်တနဲ့

 #မနှောင်းသောနောင်တနဲ့ သင်္ချိုင်းတံခါး ဖွင့်လှစ်သွားခဲ့ သေခြင်းပျက်သုဉ်း အဆုံးနေ့ရက် ရောက်ရှိခဲ့ပေါ့....... ခုတော့ သခင် ရှင်ပြန်ထမြောက် အချိန်ရောက်ပြီ... သင်ကော... ဘာလုပ်နေပါလဲ..... သခင်မိန့်ကြား ဆိုစကားကို နှလုံးသားမှာ ဖုံးထားမှာလား အရှုံးများနဲ့ သင့်အသက်တာ ရင်နင့်စွာနဲ့ ဇာတ်သိမ်းခဲ့ရင် နိဂုံးမလှ သင့်ဘဝတွက် သခင်မျက်ရည်ကျလိမ့်မယ်..... သခင်မျက်ရည်... ခါခါကြွေလည်း ဝေခွဲမရ သံသယနဲ့ အသက်တာလမ်း ဆက်ဖြတ်သန်းရင် လမ်းစလည်းပျောက် ချောက်ထဲရောက်ရင် အမြင်ဝိုးဝါး အသိများနဲ့ နောင်တမျက်ရည် သင် ပြန်ကြွေမယ်... နေမကွယ်ခင် သတိဝင်ပေါ့..... နေကွယ်ပြီမှ သတိရလို့ သင့်ရဲ့နောင်တ နှောင်းကျန်ရစ်ခဲ့ သင့်တွက်လမ်းဆုံး သင်္ချိုင်းကုန်းသာ ရှိနေပါမည်... သခင်နှင့်အတူ ထမြောက်စေ... ရင်နင့်အပူ ပပျောက်စေ...။                    #စောယောဟန် #ဆက်သွယ်ရန်...page messenger (or) truelight.mgz@gmail.com

Latest Posts

အလင်းနှင့် ဘာသာရေး

မျှော်လင့်ခြင်း မနက်ဖြန်

အလင်းမရှိသောနေရာကို အမှောင်ဟုခေါ်သည်

မှန်ကန်သော ရွေးချယ်မှု

အောင်မြင်ခြင်း နှင့် ရှုံးနိမ့်ခြင်း

ဟုတ်မှန်သောအလင်းအားဖြင့် နားနေရာကို ရှာဖွေခြင်း

ဘုရားသခင်အတူရှိခြင်း နှင့် ဘုရားသခင်အတူပါရှိခြင်း

ဘုန်းထင်ရှားစေ

ကိုယ်စား

ဩ ခရစ္စမတ်